Khit Thit သတင်းဌာန၏ ဇွန် ၂၉ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၂၉ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျုံအိတ်တံတား မိုင်းကွဲမှုကြောင့် ပြိုကျစဉ် ပျက်စီးသွားတဲ့ ကား ၃ စီး မှာ ရဲ ၂ ဦး နှင့်ဥပဒေအရာရှိ စိုးမိုးတို့ သယ်ဆောင်မောင်းနှင် လာသော လိုင်စင်မဲ့ကားများဖြစ်နေတယ်လို့ စစ်တပ်နှင့်ရဲဘက် သတင်းရင်းမြစ်တွေဆီကသိရပါတယ်။ - စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးတိုက်နယ်က ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ ဖျက်ဆီး ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင် စီဘက်က ၁၂ ဦး သေသွားပြီး ၊ LPDF ရဲဘော် ကိုသန့်ဆိုသူလည်း မြင့်မြတ်စွာ အသက် ပေးလှူ သွားရတယ်လို့ သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။ - စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ၊ ကံကြီးကုန်း-ပျုစောထီးကျေးရွာကို ရိက္ခာ နဲ့ လက်နက်ခဲယမ်း လာပို့တဲ့ စစ်တပ်ကုန်တင်ရေယာဉ် ၃ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ပူးပေါင်းတိုက် ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ရေယာဉ် ၁ စီး နစ်မြုပ်သွားပြီး၊ စစ်ကောင်စီ တပ်သား ၅ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။